၇/၁/၃။ သံခိတ္တဗလသုတ်လာ ဗိုလ် (စွမ်းအားသတ္တိ) ၇ ပါး

Unicode
၇/၁/၃။ သံခိတ္တဗလသုတ်လာ ဗိုလ် (စွမ်းအားသတ္တိ) ၇ ပါး
*******
ယုံ-ဝီ-ရှက်-ကြောက်,
သတိရောက်နှင့်၊
တည်ကြည်-ပညာ, ခုနစ်ဖြာ,
မှတ်ပါ သံခိတ္တာ။

သဒ္ဓါဗလံ ဝီရိယဉ္စ,
ဟိရီ ဩတ္တပ္ပိယံ ဗလံ၊
သတိဗလံ သမာဓိ စ,
ပညာ ဝေ သတ္တမံ ဗလံ။

၁။ သဒ္ဓါဗလ=သဒ္ဓါတည်းဟူသော စွမ်းအားသတ္တိ

၂။ ဝီရိယဗလ=ဝီရိယတည်းဟူသော စွမ်းအားသတ္တိ

၃။ ဟိရီဗလ=ဟိရီတည်းဟူသော စွမ်းအားသတ္တိ

၄။ ဩတ္တပ္ပဗလ=ဩတ္တပ္ပတည်းဟူသော စွမ်းအားသတ္တိ

၅။ သတိဗလ=သတိတည်းဟူသော စွမ်းအားသတ္တိ

၆။ သမာဓိဗလ=သမာဓိတည်းဟူသော စွမ်းအားသတ္တိ

၇။ ပညာဗလ=ပညာတည်းဟူသော စွမ်းအားသတ္တိ

(အံ၊၂။၃၉၇။) (အံ၊မြန်၊၂။၅၀၂။)
(ဒီ၊၃။၂၀၉။) (ဒီ၊မြန်၊၃။၂၃၂။)
(အဘိ၊ဓ။၃၂။) (အဘိ၊ဓ၊မြန်။၅၀။)
######
ပဌမပိယသုတ်
*******
ဟောသူ= မြတ်စွာဘုရား
နေရာ=သာဝတ္ထိပြည် ဇေတဝန်
နာယူသူ=ရဟန်းများ
အနှစ်ချုပ်=ဗိုလ်ခုနစ်ပါး(စွမ်းအားသတ္တိခုနစ်ပါး)
#######
ပါဠိအနက်
*****
သတ္တိမာနိ, ဘိက္ခဝေ, ဗလာနိ။
ကတမာနိ သတ္တ? သဒ္ဓါဗလံ, ဝီရိယဗလံ, ဟိရီဗလံ, ဩတ္တပ္ပဗလံ, သတိဗလံ, သမာဓိဗလံ, ပညာဗလံ။ (အံ၊ ၂၊ ၃၉၆)

ဘိက္ခဝေ=ရဟန်းတို့၊
ဗလာနိ=ဗိုလ်တို့သည်၊ ဝါ=စွမ်းအားသတ္တိတို့သည်။ ဝါ=ဆန့်ကျင်ဘက် အကုသိုလ်တို့ကြောင့် မလှုပ်မယိုင် ခိုင်မြဲသော စွမ်းအားသတ္တိတို့သည်။
ဣမာနိ သတ္တ=ဤခုနစ်မျိုးတို့တည်း။
ကတမာနိ သတ္တ=အဘယ်ခုနစ်မျိုးတို့နည်းဟူမူကား။ သဒ္ဓါဗလံ=သဒ္ဓါ တည်းဟူသော စွမ်းအားသတ္တိလည်းကောင်း၊ ဝီရိယဗလံ=ဝီရိယတည်းဟူသော စွမ်းအားသတ္တိလည်းကောင်း၊ ဟိရီဗလံ=ဟိရီတည်းဟူသော စွမ်းအားသတ္တိလည်းကောင်း၊ ဩတ္တပ္ပဗလံ=သြတ္တပ္ပတည်းဟူသော စွမ်းအားသတ္တိလည်းကောင်း၊ သတိဗလံ=သတိတည်းဟူသော စွမ်းအားသတ္တိလည်းကောင်း၊ သမာဓိဗလံ=သမာဓိတည်းဟူသော စွမ်းအားသတ္တိလည်းကောင်း၊ ပညာဗလံ=ပညာတည်းဟူသော စွမ်းအားသတ္တိလည်းကောင်းတည်း။

ဂါထာအနက်
******
‘‘သဒ္ဓါဗလံ ဝီရိယဉ္စ,
ဟိရီ ဩတ္တပ္ပိယံ ဗလံ၊
သတိဗလံ သမာဓိ စ,
ပညာ ဝေ သတ္တမံ ဗလံ။ (အံ၊ ၂၊ ၃၉၆)

သဒ္ဓါဗလံ=သဒ္ဓါဗိုလ်သည်လည်းကောင်း၊ ဝါ=သဒ္ဓါ တည်းဟူသော စွမ်းအားသတ္တိသည်လည်းကောင်း၊ ဝီရိယံ=ဝီရိယမည်သော၊ ဗလံ စ=ဗိုလ်သည်လည်းကောင်း၊ ဝါ=စွမ်းအားသတ္တိသည်လည်းကောင်း၊ ဟိရီ=ဟိရီမည်သော၊ ဗလံ စ=ဗိုလ်သည်လည်းကောင်း၊ ဝါ=စွမ်းအားသတ္တိသည်လည်းကောင်း၊ ဩတ္တပ္ပိယံ=သြတ္တပ္ပမည်သော၊ ဗလံ စ=ဗိုလ်သည်လည်းကောင်း၊ ဝါ=စွမ်းအားသတ္တိသည်လည်းကောင်း၊ သတိဗလံ=သတိဗိုလ်သည်လည်းကောင်း၊ ဝါ=သတိတည်းဟူသော စွမ်းအားသတ္တိသည်လည်းကောင်း၊ သမာဓိ=သမာဓိမည်သော၊ ဗလံ စ=ဗိုလ်သည်လည်းကောင်း၊ ဝါ=စွမ်းအားသတ္တိသည်လည်းကောင်း၊ ဝေ=စင်စစ်ဧကန် အမှန်အားဖြင့်၊ ဝါ=စင်စစ်ဧကန်အမှန် ဖြစ်သော၊ သတ္တမံ=ခုနစ်ခုမြောက်သော၊ ပညာ=ပညာမည်သော၊ ဗလံ စ=ဗိုလ်သည်လည်းကောင်း၊ ဝါ=စွမ်းအားသတ္တိသည်လည်းကောင်း၊ ဟောန္တိ=ရှိကုန်၏။

ဧတေဟိ ဗလဝါ ဘိက္ခု,
သုခံ ဇီဝတိ ပဏ္ဍိတော၊
‘‘ယောနိသော ဝိစိနေ ဓမ္မံ,
ပညာယတ္ထံ ဝိပဿတိ၊
ပဇ္ဇောတေဿဝ နိဗ္ဗာနံ,
ဝိမောက္ခော ဟောတိ စေတသော။
(အံ၊ ၂၊ ၃၉၆-၇)

ဧတေဟိ-ဗလဟိ=ဤဗိုလ်တို့ဖြင့်၊ ဝါ=ဤစွမ်းအားသတ္တိတို့ဖြင့်၊ ဗလဝါ=စွမ်းအားသတ္တိရှိသော၊ ပဏ္ဍိတော=ပညာရှိသော၊ ဘိက္ခု=ရဟန်းသည်၊ သုခံ=ချမ်းသာစွာ၊ ဇီဝတိ=အသက်ရှင်ရ၏။ ဝါ=အသက်မွေးရ၏။
‘‘ယောနိသော=အကြောင်းမှန် နည်းမှအားဖြင့်၊ ဓမ္မံ=သစ္စာလေးပါတရားကို၊ ဝိစိနေ-ဝိစိနာတိ=စူးစမ်းဆင်ခြင်နိုင်၏။ ပညာယ=ဝိပဿနာနှင့် တကွဖြစ်သော မဂ်ပညာဖြင့်၊ အတ္ထံ=သစ္စာလေးချက် အနက်သဘောကို၊ ဝိပဿတိ=အထူးရှုမြင်နိုင်၏။
ပဇ္ဇောတဿ=ဆီမီး၏၊ နိဗ္ဗာနံ ဣဝ=ချုပ်ငြိမ်းခြင်းကဲ့သို့။ (တထာ=ထိုအတူ၊ တဿ=ထိုဗိုလ်ခုနစ်ပါးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏၊
စေတသော=နောက်ဆုံးစုတိစိတ်၏၊ ဝိမောက္ခော=ဝတ္ထုအာရုံတို့မှ လွတ်မြောက်ခြင်းသည်၊ ဟောတိ=ဖြစ်၏။
#######
အဂုၤတ္တိုရ်အလင်းအိမ်

၇/၁/၃။ သံခိတၱဗလသုတ္လာ ဗိုလ္ (စြမ္းအားသတၱိ) ၇ ပါး
*******
ယုံ-ဝီ-႐ွက္-ေၾကာက္,
သတိေရာက္ႏွင့္၊
တည္ၾကည္-ပညာ, ခုနစ္ျဖာ,
မွတ္ပါ သံခိတၱာ။

သဒၶါဗလံ ဝီရိယၪၥ,
ဟိရီ ဩတၱပၸိယံ ဗလံ၊
သတိဗလံ သမာဓိ စ,
ပညာ ေဝ သတၱမံ ဗလံ။

၁။ သဒၶါဗလ=သဒၶါတည္းဟူေသာ စြမ္းအားသတၱိ

၂။ ဝီရိယဗလ=ဝီရိယတည္းဟူေသာ စြမ္းအားသတၱိ

၃။ ဟိရီဗလ=ဟိရီတည္းဟူေသာ စြမ္းအားသတၱိ

၄။ ဩတၱပၸဗလ=ဩတၱပၸတည္းဟူေသာ စြမ္းအားသတၱိ

၅။ သတိဗလ=သတိတည္းဟူေသာ စြမ္းအားသတၱိ

၆။ သမာဓိဗလ=သမာဓိတည္းဟူေသာ စြမ္းအားသတၱိ

၇။ ပညာဗလ=ပညာတည္းဟူေသာ စြမ္းအားသတၱိ

(အံ၊၂။၃၉၇။) (အံ၊ျမန္၊၂။၅၀၂။)
(ဒီ၊၃။၂၀၉။) (ဒီ၊ျမန္၊၃။၂၃၂။)
(အဘိ၊ဓ။၃၂။) (အဘိ၊ဓ၊ျမန္။၅၀။)
######
ပဌမပိယသုတ္
*******
ေဟာသူ= ျမတ္စြာဘုရား
ေနရာ=သာဝတၳိျပည္ ေဇတဝန္
နာယူသူ=ရဟန္းမ်ား
အႏွစ္ခ်ဳပ္=ဗုိလ္ခုနစ္ပါး(စြမ္းအားသတၱိခုနစ္ပါး)
#######
ပါဠိအနက္
*****
သတၱိမာနိ, ဘိကၡေဝ, ဗလာနိ။
ကတမာနိ သတၱ? သဒၶါဗလံ, ဝီရိယဗလံ, ဟိရီဗလံ, ဩတၱပၸဗလံ, သတိဗလံ, သမာဓိဗလံ, ပညာဗလံ။ (အံ၊ ၂၊ ၃၉၆)

ဘိကၡေဝ=ရဟန္းတို႔၊
ဗလာနိ=ဗိုလ္တို႔သည္၊ ဝါ=စြမ္းအားသတၱိတို႔သည္။ ဝါ=ဆန္႔က်င္ဘက္ အကုသိုလ္တို႔ေၾကာင့္ မလႈပ္မယိုင္ ခိုင္ျမဲေသာ စြမ္းအားသတၱိတို႔သည္။
ဣမာနိ သတၱ=ဤခုနစ္မ်ဳိးတို႔တည္း။
ကတမာနိ သတၱ=အဘယ္ခုနစ္မ်ဳိးတို႔နည္းဟူမူကား။ သဒၶါဗလံ=သဒၶါ တည္းဟူေသာ စြမ္းအားသတၱိလည္းေကာင္း၊ ဝီရိယဗလံ=ဝီရိယတည္းဟူေသာ စြမ္းအားသတၱိလည္းေကာင္း၊ ဟိရီဗလံ=ဟိရီတည္းဟူေသာ စြမ္းအားသတၱိလည္းေကာင္း၊ ဩတၱပၸဗလံ=ၾသတၱပၸတည္းဟူေသာ စြမ္းအားသတၱိလည္းေကာင္း၊ သတိဗလံ=သတိတည္းဟူေသာ စြမ္းအားသတၱိလည္းေကာင္း၊ သမာဓိဗလံ=သမာဓိတည္းဟူေသာ စြမ္းအားသတၱိလည္းေကာင္း၊ ပညာဗလံ=ပညာတည္းဟူေသာ စြမ္းအားသတၱိလည္းေကာင္းတည္း။

ဂါထာအနက္
******
‘‘သဒၶါဗလံ ဝီရိယၪၥ,
ဟိရီ ဩတၱပၸိယံ ဗလံ၊
သတိဗလံ သမာဓိ စ,
ပညာ ေဝ သတၱမံ ဗလံ။ (အံ၊ ၂၊ ၃၉၆)

သဒၶါဗလံ=သဒၶါဗိုလ္သည္လည္းေကာင္း၊ ဝါ=သဒၶါ တည္းဟူေသာ စြမ္းအားသတၱိသည္လည္းေကာင္း၊ ဝီရိယံ=ဝီရိယမည္ေသာ၊ ဗလံ စ=ဗိုလ္သည္လည္းေကာင္း၊ ဝါ=စြမ္းအားသတၱိသည္လည္းေကာင္း၊ ဟိရီ=ဟိရီမည္ေသာ၊ ဗလံ စ=ဗိုလ္သည္လည္းေကာင္း၊ ဝါ=စြမ္းအားသတၱိသည္လည္းေကာင္း၊ ဩတၱပၸိယံ=ၾသတၱပၸမည္ေသာ၊ ဗလံ စ=ဗိုလ္သည္လည္းေကာင္း၊ ဝါ=စြမ္းအားသတၱိသည္လည္းေကာင္း၊ သတိဗလံ=သတိဗိုလ္သည္လည္းေကာင္း၊ ဝါ=သတိတည္းဟူေသာ စြမ္းအားသတၱိသည္လည္းေကာင္း၊ သမာဓိ=သမာဓိမည္ေသာ၊ ဗလံ စ=ဗိုလ္သည္လည္းေကာင္း၊ ဝါ=စြမ္းအားသတၱိသည္လည္းေကာင္း၊ ေဝ=စင္စစ္ဧကန္ အမွန္အားျဖင့္၊ ဝါ=စင္စစ္ဧကန္အမွန္ ျဖစ္ေသာ၊ သတၱမံ=ခုနစ္ခုေျမာက္ေသာ၊ ပညာ=ပညာမည္ေသာ၊ ဗလံ စ=ဗိုလ္သည္လည္းေကာင္း၊ ဝါ=စြမ္းအားသတၱိသည္လည္းေကာင္း၊ ေဟာႏၲိ=႐ွိကုန္၏။

ဧေတဟိ ဗလဝါ ဘိကၡဳ,
သုခံ ဇီဝတိ ပ႑ိေတာ၊
‘‘ေယာနိေသာ ဝိစိေန ဓမၼံ,
ပညာယတၳံ ဝိပႆတိ၊
ပေဇၨာတေႆဝ နိဗၺာနံ,
ဝိေမာေကၡာ ေဟာတိ ေစတေသာ။
(အံ၊ ၂၊ ၃၉၆-၇)

ဧေတဟိ-ဗလဟိ=ဤဗုိလ္တို႔ျဖင့္၊ ဝါ=ဤစြမ္းအားသတၱိတို႔ျဖင့္၊ ဗလဝါ=စြမ္းအားသတၱိ႐ွိေသာ၊ ပ႑ိေတာ=ပညာ႐ွိေသာ၊ ဘိကၡဳ=ရဟန္းသည္၊ သုခံ=ခ်မ္းသာစြာ၊ ဇီဝတိ=အသက္႐ွင္ရ၏။ ဝါ=အသက္ေမြးရ၏။
‘‘ေယာနိေသာ=အေၾကာင္းမွန္ နည္းမွအားျဖင့္၊ ဓမၼံ=သစၥာေလးပါတရားကို၊ ဝိစိေန-ဝိစိနာတိ=စူးစမ္းဆင္ျခင္ႏိုင္၏။ ပညာယ=ဝိပႆနာႏွင့္ တကြျဖစ္ေသာ မဂ္ပညာျဖင့္၊ အတၳံ=သစၥာေလးခ်က္ အနက္သေဘာကို၊ ဝိပႆတိ=အထူး႐ႈျမင္ႏိုင္၏။
ပေဇၨာတႆ=ဆီမီး၏၊ နိဗၺာနံ ဣဝ=ခ်ဳပ္ၿငိမ္းျခင္းကဲ့သို႔။ (တထာ=ထိုအတူ၊ တႆ=ထိုဗုိလ္ခုနစ္ပါးတို႔ႏွင့္ ျပည့္စုံေသာ ပုဂၢိဳလ္၏၊
ေစတေသာ=ေနာက္ဆုံးစုတိစိတ္၏၊ ဝိေမာေကၡာ=ဝတၳဳအာ႐ုံတို႔မွ လြတ္ေျမာက္ျခင္းသည္၊ ေဟာတိ=ျဖစ္၏။
#######
အဂုၤတၱဳိရ္အလင္းအိမ္

Comments

Popular posts from this blog

၇/၁/၁။ ပဌမပိယသုတ်လာ သီတင်းသုံးဖေါ်တို့ မချစ်ခင် ကြောင်း ၇ ပါးနှင့် မချစ်ခင်ကြောင်း ၇ ပါး

၇/၁။ ဓနဝဂ် သုတ်ပေါင်း(၁၀)သုတ်

၇/၁/၂။ ဒုတိယ ပိယသုတ်လာ သီတင်းသုံးဖေါ်တို့ မချစ်ခင် ကြောင်း ၇ ပါးနှင့် ချစ်ခင်ကြောင်း ၇ပါး